Local News

ရာသီပေါ်စာ ဇီးသီးဈေးနှုန်း

Last Updated:

ဇီးသီးပင်ကို မြန်မာနိုင်ငံ၏ နေရာအနှံအပြားတွင် တွေ့မြင်နိုင်ပါသည်။ အထူးတဖြင့် ခြောက်သွေ့သော မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံး တွေ့ရှိနိုင်ပါသည်။ ဇီးသီးသည်ရာသီစာဖြစ်၍ တစ်နှစ်ပတ်လုံး စားခွင့်မရှိပဲ နှစ်တစ်နှစ်တွင် တစ်ခါသာ စားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ဇီးသီးတွင် ဇီးချိုသီး၊ ဇီးချဉ်သီး၊ ဇီပန်းသီး၊ စလေဇီးသီး၊ ဇီးကြက်ဥဟူ၍ အမျိုးမျိုးရှိသည်။ ဇီးချဉ်ပင်များသည် စိုက်ပျိုးရသော အပင်မဟုတ်ဘဲ အလေ့ကျပေါက်သော အပင်များဖြစ်သည်။ ဇီးချိုသီး၊ ဇီပန်းသီး၊ စလေဇီးသီး၊ ဇီးကြက်ဥများကို တစ်နိုင်တစ်ပိုင်စိုက်ပျိူးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးလာကြသည်။ ဇီးသီးတွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာ ပါရှိသည့်အတွက် လူသားတို့၏ ကျန်းမာရေးကို အကျိုးပြုစေသည်။
၂၀၂၅ ခုနှစ်၊ ဆောင်ရာသီ နိုဝင်ဘာ စတုတ္ထပတ်တွင် ပေါ်ဦးပေါ်ဖျား သဘာဝဇီးသီးများကို ဘားအံမြို့ရေပေါ်ဈေး၌ ဇီးချဉ်သီး တစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ တစ်ဘူးလျှင် (၁၀၀၀၊ ၁၂၀၀) ကျပ်၊ စလေဇီးသီး တစ်ဘူးလျှင် (၂၀၀၀) ကျပ်၊ တစ်ပြည်လျှင် (၁၃၀၀၀၊ ၁၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် ဇီးချဉ်သီး တစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ တစ်ဘူးလျှင် (၈၀၀) ကျပ်နှင့် စလေဇီးသီး တစ်ဘူးလျှင် (၁၅၀၀) ကျပ်၊ တစ်ပြည်လျှင် (၁၀၀၀၀၊ ၁၂၀၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချခဲ့ကြရာ ယခင်နှစ်နှင့်ယခုနှစ် ဇီးသီးဈေးနှုန်းနှိုင်းယှဉ်လျှင် ဇီးသီးတစ်ပြည်လျှင် (၁၀၀၀) ကျပ်နှင့် တစ်ဘူးလျှင် (၅၀၀) ကျပ်နှုန်းတို့ ကွာဟကြောင်းနှင့် ယခုလိုကွာဟရခြင်းသည် ပေါ်ဦးပေါ်ဖျား ဖြစ်သောကြောင့်ဖြစ်ကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm

Category: Local News